မိဿရာသီဖွား


ခရီးကိစ္စ မမျှော်လင့်ဘဲ ကြုံမည်။ ထင်ပေါ်ခြင်းငှာ မလုပ်လင့်ကစား လုပ်သမျှ လူသိထင်ရှား ကျော်ကြားခြင်း ဖြစ်မည်။ လှုပ်ရှား ကြိုးစားထားသည်များ၏ ကောင်းသော အကျိုးဆက်များ ဖြစ်ပေါ်လာမည်။ မတော်တဆ ထိခိုက်မှု အန္တရာယ်များ ဂရုစိုက်ရမည်။ စီစဉ်ထားသည်များနှင့် လက်တွေ့ လုပ်ဆောင်ရခြင်းများ အလွဲလွဲ အချော်ချော် ဖြစ်မည်။ စက်ပစ္စည်းများ အပျက်အစီး များ သတိနှင့် ကိုင်တွယ်ပါ။ တစ်ပါးသူ အပေါ် ယုံစားခြင်းထက် အရာရာ ကိုယ်တိုင်ကိုယ်ကျ ရှုမြင်သုံးသပ်ပြီးမှ လိုရာဆောင်ရွက်ပါ။ ကြိုတင်စီစဉ်ခြင်းထက် ဖြစ်ပေါ်လာသည့် အခြေအနေအပေါ် ရုတ်ချည်း ဆုံးဖြတ်၍ အောင်မြင်မှုများ ဖြစ်ပေါ်မည်။

ပိဿရာသီဖွား


ပြဿနာများ ဖြေရှင်းရမည်။ မူလ မှန်ထားသည်နှင့် လက်တွေ့ လုပ်ကိုင်ရခြင်းများ အလွဲလွဲ အချော်ချော် ဖြစ်မည်။ ကိုယ်ပိုင် အစွမ်းအစကို အသုံးချ၍ အဆင့်မြင့် အောင်မြင်မှုများ ရရှိလာမည်။ သဘောထား ကွဲလွဲ၍ လုပ်ငန်း တူသူနှင့် လမ်းခွဲရခြင်းကြုံမည်။ အမှုအခင်းများ ဖြစ်လွယ်သည်။ ရုံးရောက်၊ ဂါတ်ရောက် လိုက်လံ ဖြေရှင်းရမည်။ ရောင်းမှား၊ ၀ယ်မှား ဖြစ်တတ်သည်။ ပစ္စည်းပျောက်မည်။ အကြီးအကဲများ ကျန်းမာရေး ချူချာမည်။ အတွင်း ပဋိပက္ခများ ဖြေရှင်းရမည်။ ပန်းခြံတစ်ခုအတွင်း ဖွင့်လှစ်ထားသော စားသောက်ဆိုင် တစ်ခု၌ လိုက်လံ စားသောက်ရမည်။ ထိုသို့ ကြုံရပြီး ရက်ပိုင်းအတွင်း ကောင်းခြင်းကံများ တစ်စစပေါ်ပေါက်လာမည်။ အနစ်နာခံ၍ ဆောင်ရွက်ထားသည်များမှ အကျိုးအမြတ် ကောင်းများ ရရှိမည်။

မိဿရာသီဖွား


အလုပ်သစ်၊ ရည်ရွယ်ချက်သစ်များ လုပ်ကိုင် ဖြစ်မည်။ မိတ်ကောင်း ဆွေကောင်း၊ အကြီးအကဲများ ထံမှ အထောက်အကူ ရမည်။ သရဖူပုံပါသော ခွက်တစ်ခု လက်ဆောင်ရက အထူးကောင်းသည်။ မင်္ဂလာဆောင် ကိစ္စများ ကြုံမည်။ ပျိုရွယ်သူများ စန်းပွင့်မည်။ နောက်နောင် မလုပ်တော့ဟူ၍ ဆုံးဖြတ် ရပ်တန့်ထားသော ကိစ္စများ ပြန်လည် လုပ်ဆောင်ရလိမ့်မည်။ တစ်ပါးသူငှာ မလုပ်သော အလုပ်စီးပွားများ လုပ်ကိုင်ရမည်။ မိသားစုအတွက် ငွေကုန်ကြေးကျ များတတ်သည်။ ပညာအတွက် ရည်စူးဆောင်ရွက်ခြင်းများ အောင်မြင်မည်။ တူညီသော လုပ်ငန်းတစ်ခုအား ကိုယ်တိုင် လုပ်၍ အကျိုးမရှိ။ လုပ်ငန်းခွင်မှ သူများအဖို့ အလုပ်တွင် ပုံစံသစ်၊ ဖွဲ့စည်းမှု သစ်များကြုံ၍ ရုတ်ချည်းမြှုပ်နှံမှုသစ်များ ကြုံမည်။

Myanmar Water Festival


image

Myanmar Water Festival


image

Myanmar Water festival opening ceremony


image

Myanmar Thingyan Festival


image

Follow

Get every new post delivered to your Inbox.