ပြည့်နှက်နေသော အတွေးများ


လက်တလောမှာ ခေါင်းထဲမှာ အကြောင်းအရာတွေနဲ့ပြည့်နှက်နေတယ်၊ ဒါတွေကိုနည်းနည်းတော့ကျွန်တော်ချရေးထားသင့်တယ်လို့ထင်တယ်။ ကျွန်တော်အလုပ်အသစ်ကိုရောက်တဲ့အခါ ယခင်ကမသုံးဖူးခဲ့တဲ့ ဆော့ဖ်ဝဲတွေကိုသိလာရ လေ့လာခွင့်ရခဲ့ပါတယ်။ အချို့သော ဆော့ဖ်ဝဲများဆိုရင်မြန်မာနိုင်ငံမှာသုံးနေတဲ့သူတကယ့်ကိုရှားပါးပါတယ်။ အဲဒီလိုမျိုးရှိတယ်ဆိုတာကိုလည်းသိသူရှားပါတယ်၊ ကျွန်တော့်အတွက်ကတော့တနေ့ထက်တစ်နေ့ အသစ်အဆန်းတွေမြင်လေတွေ့လေလေ .. အင်တာနက်ပေါ်မှာရှိတဲ့ကျွန်တော်တို့တွေရဲ့ ကိုယ်ရေးအချက်အလက်တွေရဲ့လုံခြုံမှုကိုစိုးရိမ်လေလေပါပဲ။ တစ်နေ့ကတင် Facebook မှာကျွန်တော်တို့ ပြောဖြစ်ကြတာတစ်ခုရှိတယ်။ ကျွန်တော်တို့မြန်မာလိုပြောတဲ့စကားတွေကို ဖေ့စ်ဘွတ်ကတိတ်တိတ်လေး အသံဖမ်းယူပြီး သူရဲ့ ads campaign တွေမှာသုံးဖို့သုံးနေတယ်လို့လေ ။ အခုနောက်ပိုင်းအဲဒီAI ကအဆင့်မြင့်လာပြီး ကျွန်တော်တို့မြန်မာလိုပြောနေတာတွေကိုတောင်မှ နားလည်အောင် လုပ်နိုင်တဲ့အဆင့်ရောက်နေပြီလို့ထင်ကြတယ်။ ဥပမာ ကျွန်တော်က ပစ္စည်းတစ်ခုအသစ်အကြောင်းကို ပြောနေတယ် ။ လူသိပ်မသိတဲ့အကြောင်းအရာပေါ့. သိပ်မကြာခင်မှာပဲ အဲဒီ ပစ္စည်းနဲ့ဆိုင်တဲ့ကြော်ငြာ ကျွန်တော့်ဆီမှာလာပေါ်တယ်။ သေချာတာကတော့ အဲဒီကြော်ငြာအကြောင်းကို အွန်လိုင်းမှာရှာတာမျိုးလဲမလုပ်ဘူး ။ messenger ကနေပြာနေတာမျိုးလဲမဟုတ်ဘူး. အပြင်မှာဒီလိုစကားပြောနေတာပဲ ။ ဒါပေမယ့် ကျွန်တော်ရှာနေတဲ့ဟာကိုလာပြတာမျိုး.။ ဖေ့စ်ဘွတ်ကကိုယ့်အကြောင်းကိုကိုယ့်ထက်အများကြီးပိုသိနေပါတယ်။ အင်တာနက်မှာ …

Continue reading ပြည့်နှက်နေသော အတွေးများ

Advertisements

အနောက်ဘက်ဆောင်..ရန်ကုန်မြို့


Dear Mary. ဒီစာကို ဖန်တီးရာရဲ့. အနောက်ဘက်ဆောင်ကနေ ရေးလိုက်ပါတယ်။ ကိုယ်တို့ဆီမှာ အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းဆိုပြီး နှစ်နေရာရှိတယ်။ များသောအားဖြင့်ကိုယ်က အရှေ့ဘက်ခြမ်းမှာနေတာများတယ်။ ညနေရှုခင်းတွေဆိုရင်တော့ အနောက်ဘက်ခြမ်းက အများကြီးပိုလှတာပေါ့လေ။ နေဝင်ရှုခင်းရယ်၊ ကားမီးရောင်တွေနဲ့အတူတဖြောင့်တည်းသွားနေတဲ့လမ်းမကြီးရယ်၊ ထိုးထိုးထောင်ထောင်မြင်ရတဲ့ ခေတ်မီတိုက်သစ်ကြီးတွေရယ်၊ မြို့တော်ခန်းမ ၊ပန်းခြံနဲ့ ဆူးလေဘုရားတို့ဟာ ကြည့်လေကြည့်လေကြည့်မဝလေမြင်ကွင်းပဲပေါ့။ အခုဆိုရင် ၆နာရီထိုးပြီးကာစ ၊ အိမ်ပြန်မယ်ဆိုရင် ပြန်လို့ရတယ်၊ ဒါပေမယ့် မပြန်ချင်သေးဘူး Mary..အိမ်ပြန်ရင်လည်းစောင့်နေမယ့်သူမရှိဘူး။ ဒီမှာနေလို့ရသလောက်နေပြီး အလုပ်လေးတွေပြီးအောင်လုပ်ချင်တယ်။ နောက်တစ်ခုကတော့ ဒီကနေမြင်ရတဲ့ရှုခင်းကအရမ်းလှတယ်။ တစ်ယောက်တည်း ရှုခင်းကြီးကိုမျှှော်ငေးလိုက် စိတ်ကူးပေါ်တာလေးရေးလိုက်လုပ်ရတာ ဘယ်လောက်တောင်ကောင်းလိုက်သလဲ။ ရှေ့လဆိုရင် တော့နေရာအသစ်ကိုပြောင်းတော့မယ်။ အဲဒီမှာတော့ဒီလောက်လှတဲ့ရှုခင်းကိုမြင်ရတော့မယ်မထင်ဘူး ။ တစ်ခါတစ်လေတော့ ဒီလောက်လှတဲ့ရှုခင်းကို တစ်ယောက်တည်းမြင်ရတာ သိပ်တောင် ဘဝင်မကျမိဘူး။ အခြားတစ်ယောက်ယောက်ကိုပြောပြချင်စိတ်ကတော့အမြဲဖြစ်မိတယ်။ ဒါနဲ့ပြောရဦးမယ် မေရီ၊ နိုဝင်ဘာကျရင် စပိန်နိုင်ငံ ဗလန်စီယာမြို့ကို ခရီးထွက်ဖို့ရှိတယ်။ ၁၀ရက်လောက်ကြာမယ်လို့တော့မှန်းထားတယ်. …

Continue reading အနောက်ဘက်ဆောင်..ရန်ကုန်မြို့

လှေကလေးလှော်နေတဲ့ ဆရာဝန်⏪


⏩လှေကလေးလှော်နေတဲ့ ဆရာဝန်⏪ ဒေါက်တာအောင်ကြီး 📶ဆရာဝန်တွေ ဆေးရုံကို ဘာနဲ့ လာသတုံး ဆရာဝန်တွေ ဆေးရုံကို ဘာနဲ့ လာကြသတုံး။ ကားနဲ့ပေါ့ခင်ဗျာ။ ကိုယ်ပိုင်းကားကြီး ကားကောင်းတွေနဲ့ပေါ့။ ကား ကိုယ်တိုင်မောင်းလာတဲ့ ဆရာဝန်ရှိသလို ဒရိုင်ဗာနဲ့ အခန့်သား လာတဲ့ ဆရာဝန်လည်း ရှိသပေါ့။ ကျွန်တော်တို့ ရွှေ မန္တလေးမှာဖြင့် ဆရာဝန်ငယ်တွေက ဆိုင်ကယ်တွေနဲ့ ဆေးရုံလာကြတာပ။ စက်ဘီးစီးပြီး ဆေးရုံလာတဲ့ ဆရာဝန် ရှိသေးသလား။ မရှိသလောက် ရှားသွားပြီ ခင်ဗျ။ ဟိုတုံးက စက်ဘီးစီးပြီး ဆေးရုံလာတဲ့ ဆရာဝန်တွေ များမှများ။ ကျွန်တော်အပါအဝင် ဆရာဝန် အများစုက ကိုယ့်စက်ဘီးကိုယ်နင်းပြီး ဆေးရုံလာကြတာ။ ကျွန်တော် ဖျားနာရုံ (၃) တာဝန်ခံဆရာဝန်ကြီးရဲ့ လက်ထောက်ဘဝမှာတုံးက လူနာစောင့်တစ်ဦး ကျွန်တော့်ကို မေမြို့ပန်းတွေ လက်ဆောင်လာပေးတယ်။ သူ …

Continue reading လှေကလေးလှော်နေတဲ့ ဆရာဝန်⏪

My letter.


Dear Mary မမြင်ရတဲ့အရာတစ်ခုခုကိုကြောက်လန့်နေတာမျိုးဖြစ်ဖူးလား။ ကိုယ်ဘာမှလုပ်လို့မရပဲ...နေ့စဉ်ရင်တထိတ်ထိတ် နေရတာကိုကော ကြုံဖူးလား။ အရင်က မသိခဲ့ပေမယ့် အခုတော့ ကိုယ်အဲဒီလိုခံစားချက်မျိုးကိုယ်ချင်းစာတတ်ပြီမေရီ။ အမှန်ပြောရရင်.. လွန်ခဲ့သောနှစ်တွေက.. ဆေးရုံတွေမှာ ကူးစက်မှုနှုန်းမြင့်တဲ့ ဆေးမတိုးတီဘီတို့၊ HIVတို့၊ ဘီပိုးစီပိုးတို့တွေနဲ့လက်ပွန်းတတီးနေခဲ့တုန်းကတောင် ဒီလိုမဖြစ်မိဘူး ။ မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့စကားရှိတယ်မဟုတ်လား။မေရီ။ ကိုယ်နည်းနည်းမြင်ရလာပြီလို့ထင်မိတယ်။ အရင်လို မစိုးရိမ်တတ်ပဲရယ်သွမ်းသွေးတတ်တာလည်းမဟုတ်၊ စိုးရိမ်လွန်တာလဲမဟုတ်ပဲ ..ကြားကာလတစ်ခုကိုရောက်နေမိတယ်။ ကိုယ်ဘာအကြောင်းကိုပြောချင်နေတာလဲ.. ဆိုတာ ရေးရေးနားလည်လာမယ်လို့ထင်ပါတယ် လွန်ခဲ့တဲ့အပတ်က စပြီးတော့ H1N1 swine flu ဆိုတဲ့အကောင်ရန်ကုန်မှာခေါင်းထောင်လာတယ်။ စတွေ့တွေ့ချင်းတုန်းကတော့... ရန်ကုန်မှာ ရောက်နေပြီလားဆိုတဲ့သံသယပဲရှိခဲ့ပေမယ့် အခုအချိန်မှာတော့ တော်တော့်ကိုလူသိများတဲ့ကိစ္စတစ်ခုဖြစ်နေပြီ မေရီ၊ အဲဒီမှာသတင်းတွေကိုဖြန့်တဲ့သူတွေထဲမှာ နှစ်မျိုးတွေ့ရတယ်. တစ်မျိုးကတော့.. တက်လာသမျှ H1N1 သတင်းကိုအကုန်ရှယ်ကြသူတွေပေါ့။ မှားတယ်မှန်တယ်မသိဘူး။ Alarm လုပ်တာပါ။ Alert လုပ်တာပါနဲ့ပဲ သူတို့လုပ်ရပ်မှန်ကြောင်းသက်သေထူကြတယ်။ သူတို့တွေကိုကြည့်လိုက်ရင်လည်းဖြစ်တဲ့နေရာနဲ့အဝေးကြီးမှာနေကြသူတွေပဲ နောက်တစ်မျိုးကတော့..ဘာသတင်းပဲတက်လာတက်လာ .. …

Continue reading My letter.

Heartbeats in Yangon.


  ဒီနေ့က ရန်ကုန်မှာရောက်နေတာ ၁၁ ရက်မြောက်နေ့ပေါ့။ နည်းနည်းတော့အသားကျစပြုလာပါပြီ။ ကျွန်တော် ဘပ်စ် ကားလည်းစီးတတ်ပါပြီ ၊ တိုက်အထပ်မြင့်ကိုတက်ရလို့လည်း မောတယ်မထင်တော့ပါဘူး။ တစ်နေ့တာကို ကုန်ကျစာရိတ် အနည်းဆုံးနဲ့ဘယ်လိုနေရမလဲဆိုတာကို သင်ယူနေတယ်။ နယ်မှာလည်းနေခဲ့ဖူးတယ်။ ရွာကဘဝတွေလည်းမြင်ခဲ့ဖူးတယ်။ နို်င်ငံတော်အဆင့်အသိုင်းအဝိုင်းတွေကြားလည်းကျင်လည်ဖူးတယ်။ နိုင်ငံတကာအဖွဲ့တွေကြားလည်း လျှောက်သွားဖူး။ ပါဝင်လှုပ်ရှားဖူးတယ်။ အခုတော့ ကျွန်တော် ရန်ကုန်မြို့ရဲ့ လူလတ်တန်းစားတွေဘယ်လိုနေကြတယ်ဆိုတာကိုလေ့လာဖို့အခွင့်အရေးရရပြန်ပြီ.။ ရန်ကုန်ဆင်ခြေဖုံးတွေအထိတော့ကျွန်တော်မရောက်ဖူးသေးပါဘူး။ ဒါပေမယ့် ကြပ်ညှပ်နေတဲ့လူနေမှုစရိုက် နဲ့နေ့စဉ် သွားလာလှုပ်ရှားမှုတွေကို သူတို့ ဘယ်လိုဖြေရှင်းကြလဲ၊ ဘယ်လို လုပ်ကိုင်ကြလဲဆိုတာကိုတော့သိခွင့်ရဦးမယ်။ နေပြည်တော်လိုခြောက်သွေ့တဲ့နေရာကနေပြောင်းလာသူအတွက် ရန်ကုန်နေ့ရက်တွေက အုံ့မှိုင်းပြီး အမြဲစိုစွတ်နေတာပါပဲ။ ကျွန်တော်အလုပ်လုပ်တဲ့ ၁၁ လွှာကနေလှမ်းကြည့်လိုက်ရင် တစ်ဖက်မှာ ဆူးလေဘုရား၊ မြို့တော်ခန်းမ၊ မဟာဗန္ဒုလပန်းခြံ၊ စျေးဆိုင်တန်းလေးတွေနဲ့ ဗဟိုတရားရုံးကြီးကိုမြင်ရတယ်။ အခြားတစ်ဖက်မှာတော့ရန်ကုန်မြစ်ကြီးပေါ့။ မိုးတွေမှိုင်းနေတဲ့အချိန်ကြည့်လိုက်ရင် မြင်ရတဲ့မြင်ကွင်းက နိုင်ငံခြားကားတွေထဲက အချိန်ပြည့်အုံ့မှိုင်းနေတဲ့ ဇာတ်ဝင်ခန်းတွေကိုပြန်မြင်ယောင်မိတယ်။ ရန်ကုန်ကမ်းနားလမ်းနဲ့ဆိပ်ကမ်းကြီးကိုကြည့်ပြီး …

Continue reading Heartbeats in Yangon.